ကိုလံဘို ဇူလိုင် ၂၄
သီရိလင်္ကာနိုင်ငံ၌ စက်သုံးဆီ ပမာဏ လုံလုံ လောက်လောက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ကန်ချနာ ပီဂျေဆီကီရာက ဇူလိုင် ၂၃ ရက် တွင် ပြောသည်။
ဇူလိုင် ၂၃ ရက် နံနက်ပိုင်းအထိ သီရိလင်္ကာနိုင်ငံ၌ ဒီဖယ် ၁၃၃၉၃၆ မက်ထရစ်တန်နှင့် စူပါဒီဇယ် ၆၁၉၂ မက်ထရစ်တန်ရှိကြောင်း နိုင်ငံ၏မြို့တော် ကိုလံဘိုရှိ သတင်းထောက်များအား ပီဂျေဆီကီရာ က ပြောသည်။
ထို့နောက် သီရိလင်္ကာနိုင်ငံ၌ အောက်တိန်း ၉၂ မက်ထရစ်တန် ၃၅၄၀၂ တန်နှင့် အောက်တိန်း ၉၅ မက်ထရစ်တန် ၅၃၆၇ တန်ရှိသည့်အပြင် ဂျက် လေယာဉ်စက်သုံးဆီ မက်ထရစ်တန် ၃၀၁၇၃ တန်သိုလှောင်သိမ်းဆည်းထားရှိကြောင်းအဆိုပါ ဝန်ကြီးက ထည့်သွင်းပြောသည်။ သီရိလင်္ကာနိုင်ငံ အနေဖြင့် လာမည့်လတွင် ယာဉ် များအတွက် စက်သုံးဆီခွဲဝေပေးမှုကို ထပ်မံတိုးမြှင့် သွားရန်ဆုံးဖြတ် ထားကြောင်း ဂျေဆီကီရာက မကြာသေးမီကထုတ်ပြန်ကြေညာထားသည်။
ထိုကဲ့သို့ စက်သုံးဆီ တိုးမြှင့်ခွဲဝေချထားမှုသည် ယခု နှစ်တွင် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။နိုင်ငံခြားအရန်ငွေ ပြတ်လပ်မှုကြောင့် စက်သုံး ဆီဝယ်ယူရာ၌ အခက်အခဲများ ဖြစ်ပေါ်ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် စက်သုံးဆီခွဲဝေချထားမှုကို စတင် အသုံးပြုခဲ့သည်။
ဆင်ဟွာ