ကိုလံဘို အောက်တိုဘာ ၁၆

 

သီရိလင်္ကာနိုင်ငံ၌ လွန်ခဲ့သောသုံးရက်အတွင်း မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ သုံးဦးသေဆုံးခဲ့ကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာက ယနေ့ပြောကြားသည်။

 

အဆိုပါ ရေကြီးရေလျှံမှုဒဏ်ကို အိမ်ထောင်စု ၁၃၉၀၂ မှ ပြည်သူ ၅၅၀၀၀ ကျော် ခံစားနေရကြောင်း သိရသည်။ မိုးရွာသွန်းမှုသည် အောက်တိုဘာ ၁၉ ရက်အထိတိုင် ဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာကဆိုသည်။

 

မိုးရွာသွန်းမှုကြောင့် မြေပြိုမှုအန္တရာယ်သတိပေးချက်များကို ခရိုင်ခြောက်ခုတွင် ဆက်လက်ကြေညာ ထားကြောင်း သိရသည်။ လက်ရှိမိုးသည်းထန်စွာ ရွာသွန်းမှုများသည် နိုင်ငံနှင့်အနီးတစ်ဝိုက်၌ Intertropical Concergence Zone ၏ လွှမ်းမိုးမှုကြောင့်ဖြစ်ကြောင်း မိုးလေဝသ ဌာနက ဆိုသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်