နိုဝင်ဘာ ၄
သီရိလင်္ကာနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားသူတစ်ဦးအား ပထမဆုံးစစ်ဆေးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့တွင်ပြောကြားသည်။
ထိုလူနာသည် ယင်းရောဂါကူးစက်ခံရပြီးနောက် မကြာသေးမီကပင် ဒူဘိုင်းမှပြန်လည်ရောက်ရှိလာသူဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောသည်။
သီရိလင်္ကာနိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသည့်ပထမဆုံးလူနာသည် အသက် ၂၀ အရွယ်လူငယ်တစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင် ဒူဘိုင်းမှရောက်ရှိလာသူဖြစ်သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
၎င်းသည် လတ်တလောတွင် မြို့တော်ကိုလံဘို၏ဆင်ခြေဖုံးရှိရောဂါကုသရေးဆေးရုံ၌ ကုသမှုခံယူနေကြောင်း ဒေသန္တရမီဒီယာကဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှပြန်လာသောနိုင်ငံသားများနှင့်ခရီးသွားများရောက်ရှိလာမှုကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ပြီး ရောဂါကူးစက်နိုင်ခြေရှိသူများအား စစ်ဆေးဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို