နိုဝင်ဘာ ၂၈

သီရိလင်္ကာနိုင်ငံတွင် နိုဝင်ဘာလ ၂၂ ရက်ကစတင်ကာ ဆိုးရွားသောရာသီဉတုအခြေအနေများကြောင့် ဘေးသင့်သူပေါင်း ၃၃၅၀၀၀ ကျော် ရှိလာကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ ( ဒီအမ်စီ )က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

နိုင်ငံအတွင်းရှိ ခရိုင်ပေါင်း ၂၅ ခုအနက် ၂၃ ခုတွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သောဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် အိမ်ထောင်စု ၉၉၈၇၆ စုမှ လူပေါင်း ၃၃၅၁၅၅ ဦး ထိခိုက်မှုရှိကြောင်း ဒီအမ်စီက ပြောကြားသည်။

အဆိုပါဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် ၁၂ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဒီအမ်စီကဆိုသည်။ နေအိမ် ၉၅ လုံး လုံးဝပျက်စီးသွားပြီး ၁၇၀၈ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည်ဟု သိရသည်။

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုသည် သီရိလင်္ကာနိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ရွေ့လျားသွားဖွယ်ရှိပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိကြောင်း မိုးလေဝသဌာနက ယနေ့တွင်ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို