ဇန်နဝါရီ ၂၁
သီရိလင်္ကာနိုင်ငံတွင် ဇန်နဝါရီ ၂၁ ရက်မနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်သော သဘာဝဘေး အန္တရာယ်များကြောင့် လူပေါင်း ၂၀၀၀၀ ကျော် ထိခိုက်မှုရှိကြောင်း ဆည်မြောင်းဌာနက ပြောကြားသည်။
နိုင်ငံအတွင်းရှိအချို့ဒေသများတွင် ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေလှောင်တမံ ၇၃ ခုအနက် ရေလှောင်တမံ ၅၅ ခုတွင် ရေများပြည့်လျှံသွားသည်ဟု ထိုဌာနကဆိုသည်။ အလယ်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များသည် သဘာဝဘေးထိခိုက်မှုအများဆုံးဒေသများဖြစ်သည်။
လတ်တလော ဇန်နဝါရီ ၂၁ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုလျော့ကျသွားမည်ဟု မိုးလေဝသဌာနက မျှော်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို