စက်တင်ဘာ ၁
သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးရေချိန် မီလီမီတာ ၁၅၀ အထက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအတွင်းရှိ နေရာအများအပြားတွင် ရေကြီးမှုနှင့်မြေပြိုမှုများဖြစ်လာနိုင်သည်ဟု သီရိလင်္ကာသဘာဝဘေးစီမံခန့်ခွဲ့ရေး စင်တာ (ဒီအမ်စီ )က ယမန်နေ့က သတိပေးပြောကြားခဲ့သည်။
အန်ရဒါပူရာဦ မာတရာနှင့် ဂယ်လီခရိုင်တို့နှင့် မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လာမည့် ၂၄ နာရီအတွင်းမိုးသည်းထန်စွာရွာသွန်းနိုင်သဖြင့် တောင်ကုန်းနှင့်မြစ်ကမ်းပါးတို့တွင် နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ဒီအမ်စီက တိုက်တွန်းပြောကြားထားသည်။
ဒီအမ်စီက လေပြင်းတိုက်ခတ်မှုနှင့်မိုးကြိုးပစ်မှုတို့နှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများပြုလုပ်ကြရန်လည်း ပြည်သူများအား မေတ္တာရပ်ခံထားသည်။
မိုးလေဝသဌာနက နိုင်ငံအနောက်ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်း၊ ဆာဘရာဂါမူဝါနှင့် အူဗာပြည်နယ်စသည့်နေ့ရာများတွင် စက်တင်ဘာ ၁ ရက်၌ မိုးရေချိန် မီလီမီတာ ၁၅၀ အထက် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။
သီရိလင်္ကာရေတပ်က ရေကြီးမှုနှင့်မြေပြိုမှုဘေးခံစားရသူများအား အကူအညီပေးရန် ရေတပ်ကယ်ဆယ်ရေးအဖွဲ့ ၃၅ ဖွဲ့ အဆင်သင့်ပြင်ဆင်ထားကြောင်း ပြောကြားသည်။
သီရိလင်္ကာလေတပ်ကလည်း အရေးပေါ်အခြေအနေအတွင်း ကယ်ဆယ်ရေးနှင့်ရှာဖွေးရေးများလုပ်ဆောင်ရန် လေယာဉ်များ အဆင်သင့်ပြင်ဆင်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို