ဒီဇင်ဘာ ၂၀
သီရိလင်္ကာနိုင်ငံ၌ လွန်ခဲ့သည့် ခြောက်ရက်အတွင်း ဆိုးရွားသော ရာသီ ဥတုအခြေအနေများကြောင့် လူပေါင်း ၈၀၀၀ ကျော် ထိခိုက်မှုဖြစ်ပွား ခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဌာနက ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။
လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခတ်ခြင်းတို့မှ ဖြစ်ပေါ်လာနိုင်သော ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်စေရန်အတွက် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန် အဆိုပါ ဌာနက ပြည်သူများကို တိုက်တွန်းထားသည်။
ဆင်ဟွာ