ဇွန် ၁၈

သီရိလင်္ကာနိုင်ငံအလယ်ပိုင်း ရတ်နာပူရခရိုင်တွင် ယနေ့မနက်ပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ကွန်တိန်နာကားတစ်စီးဖြင့်တိုက်မိခဲ့ရာ ၂၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။

အဆိုပါယာဉ်မတော်တဆမှုသည် ကိုလံဘို-ရတ်နာပူရ လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် လမ်းမပေါ်တွင် ယာဉ်အသွားအလာပြတ်တောက်မှု တစ်နာရီခန့်ကြာမြင့် ခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူအားလုံးကို ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများအနက် ဒဏ်ရာပြင်းထန်စွာရရှိသူတစ်ဦးတစ်ယောက်မျှမရှိကြောင်း ဒေသဆိုင်ရာမီဒီယာက ဖော်ပြထားသည်။ 

ရဲတပ်ဖွဲ့က ထိုမတော်တဆဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို