ဒီဇင်ဘာ ၁၁

 

သီရိလင်္ကာနိုင်ငံတွင် ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း  ၈၀၀၀၀ ကျော်ရှိလာကြောင်း အမျိုးသားသွေးလွန်တုပ်ကွေးကာကွယ်ထိန်းချုပ်ရေးအဖွဲ့(အင်န်ဒီစီယူ )က ယမန်နေ့က နောက်ဆုံးအချက်အလက်ထုတ်ပြန် ဖော်ပြထားသည်။

 

အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ဒီဇင်ဘာလအတွင်းမှာပင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၇၀၄ ဦးရှိသည်ဟု သိရသည်။

 

ယခုနှစ် ယမန်နေ့ကအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၀၁၉၂ ဦးရှိလာကြောင်း အင်န်ဒီစီယူက ပြောကြားသည်။

 

ထိုထုတ်ပြန်ဖော်ပြချက်အရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၄၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ အနောက်ပိုင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ရာ နိုင်ငံအတွင်းရောဂါဖြစ်ပွားမှု၏ ၄၆ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို