ဇန်နဝါရီ ၁၆

သီရိလင်္ကာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၅၀၀၀ ကျော်ရှိလာကြောင်း အမျိုးသားသွေးလွန်တုပ်ကွေးထိန်းချုပ်ရေးဌာန (အင်န်ဒီစီယူ)က ယနေ့တွင်ပြောကြားသည်။

ဇန်နဝါရီလ၏ ပထမလဝက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၈၂၉ ဦးရှိသည်ဟု အင်န်ဒီစီယူက ဆိုသည်။

နိုင်ငံအတွင်းရှိ အနောက်ပိုင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၉၅၆ ဦးရှိရာ ယင်းရောဂါဖြစ်ပွားမှု အရေအတွက်အများဆုံးဖြစ်သည်။ မြောက်ပိုင်းပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၃၉၀ ရှိရာ ယင်းရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်သည်။

လွန်ခဲ့သောနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၈၃၉၈ ဦးရှိပြီး ယင်းရောဂါဖြင့် ၅၇ ဦး သေဆုံးခဲ့သည်ဟု အင်န်ဒီစီယူ၏ပြောကြားချက်အရ သိရသည်။

နိုင်ငံအတွင်း ခြင်မှကူးစက်ဖြစ်ပွားသောရောဂါကိုထိန်းချုပ်ဟန့်တားရန် နိုင်ငံတစ်ဝန်းသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်ရေးရက်သတ္တပတ်ကို ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလအစောပိုင်းက ကြေညာချက်ထုတ်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို