ကိုလံဘို ဒီဇင်ဘာ ၂၀
သီရိလင်္ကာနိုင်ငံသား ၆ ဒသမ ၂ သန်းသည် အစားအစာမလုံလောက်မှုနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ရင်ဆိုင်နေရကြောင်း (အက်ဖ်အေအို) က ထုတ်ပြန်ထားသည်။
အိမ်ထောင်စု ၁၀ စုတွင် လေးစုမှာ ၎င်းတို့၏ ဝင်ငွေလျော့နည်း လာမှုနှင့် ကြုံတွေ့နေရပြီး အိမ်ထောင်စု နှစ်စုလျှင် တစ်စုမှာ လတ်တလောတွင် အစားအစာမရှိခြင်း သို့မဟုတ် အစားအစာဝယ်ယူရန် ငွေမရှိခြင်းနှင့် ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ၂၀၂၂ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ သုံးသပ်ချက်ကို ဒီဇင်ဘာ ၁၉ ရက်တွင် မီဒီယာသို့ ပြောကြားသည်။
သီရိလင်္ကာနိုင်ငံသား ၄၀ ရာခိုင်နှုန်းမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေး လုပ်ငန်းအပေါ် မှီခိုနေရကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် စပါးထုတ်လုပ်ရန် ကုန်ကျစရိတ်မှာ ၁၀၀ ရာခိုင်နှုန်းကျော် တိုးမြှင့်လာကြောင်း အက်ဖ်အေအိုက ထုတ်ပြန်ထားသည်။ နိုင်ငံအတွင်း စားနပ်ရိက္ခာ ဖောင်းပွမှု မြင့်တက်လာပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ၉ဝ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း အက်ဖ်အေအိုက ပြောသည်။
ဆင်ဟွာ