နေပြည်တော် ၁၂ ဒီဇင်ဘာ
မြန်မာ−သီရိလင်္ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သီရိလင်္ကာနိုင်ငံတွင် သီးနှံ သစ်တောရောနှော စိုက်ပျိုးခြင်းကို အထောက်အကူဖြစ်စေရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး HMr. E. M.M. Nandimithra Ekanayake ထံသို့ ကျွန်းမျိုးစေ့ (၁၅၀၀၀) စေ့အား ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝကျွန်းသစ်မျိုးအကောင်းဆုံး ပေါက်ရောက်ရာ မူရင်းဒေသဖြစ်ပြီး ယခုလှူဒါန်းသည့် ကျွန်းမျိုးစေ့များသည် နေပြည်တော်ကောင်စီနယ်မြေ ငလိုက်ကြိုးဝိုင်း အကွက်အမှတ်(၂၅)ရှိ မျိုးရိုးဗီဇအားဖြင့် မြှင့်တင်ထားသော ကျွန်းမျိုးသန့် ဥယျာဉ်တစ်ခုမှ စုဆောင်းထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်