မေ ၂၁

သီရိလင်္ကာနိုင်ငံသို့ မေလ၏ ပထမ ၁၈ ရက်တာကာလအတွင်း ခရီးသွား ၈၀၀၀၀ ကျော် လာရောက်လည်ပတ်မှုရှိကြောင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအာဏာပိုင်အဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရသိရသည်။

အဆိုပါကာလအတွင်း ခရီးသွားလာရောက်သူပေါင်း ၈၀၄၂၁ ဦး ရှိကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် မေလ ၁၈ ရက်နေ့အထိ ခရီးသွားလာရောက်လည်ပတ်သူပေါင်း ၉၇၇၃၀၅ ဦး ရှိလာကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းသည် သီရိလင်္ကာနိုင်ငံ၏နိုင်ငံခြားဝင်ငွေရရှိမှု အဓိကအရင်းအမြစ်များအနက်တစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်က ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၇ ဘီလီယံနီးပါး ဝင်ငွေရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို