သီရိလင်္ကာနိုင်ငံသို့ ယခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှု ၅၀၀၀၀၀ ကျော်ရှိ

မတ် ၁၉

သီရိလင်္ကာနိုင်ငံသို့ ယခုနှစ် မတ်လ ၁၄ ရက်အတွင်း ခရီးသွား ၅၀၀၀၀၀ ကျော်ဝင်ရောက်မှုရှိကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်များက နောက်ဆုံးထုတ်ပြန်သော အချက်အလက်တွင် ဖော်ပြထား သည်။ ၂၀၂၄ ခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံသို့ ခရီးသွား ၅၁၇၈၀၈ ဦး ဝင်ရောက်ကြောင်း ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်က ငါးလတာကာလအတွင်း ခရီးသွား ၅၀၀၀၀၀ ဝင်ရောက်ခဲ့သည်ဟု သိရသည်။ ၂၀၂၄ ခုနှစ်အတွင်း သီရိလင်္ကာနိုင်ငံသို့  ရုရှား၊ အိန္ဒိယ၊ ဂျာမနီ၊ ပြင်သစ်နှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားများဝင်ရောက်မှုများပြားခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၆၈၇ ဒသမ ၅ သန်း ဝင်ငွေရရှိခဲ့ရာ ၂၀၂၃ ခုနှစ် အလားတူကာလက ခရီးသွားလုပ်ငန်းမှဝင်ငွေရရှိမှုထက် ၁၁၈ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်ဟု ဗဟိုဘဏ်က ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို