၁၅ မေ
လူအုပ်စုများက သီရိလင်္ကာနိုင်ငံ အနောက်မြောက်ဘက်ပိုင်းရှိ အစ္စလာမ်ဘာသာဝင်ပိုင် ဗလီကျောင်းများနှင့် ဈေးဆိုင်များကို တိုက်ခိုက်ခဲ့ပြီးနောက် လူတစ်ဦးသေဆုံးသွားကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ဆိုသည်။
အစ္စလာမ်ဘာသာဝင်များအပေါ် တိုက်ခိုက်ခြင်းသည် ပြီးခဲ့သည့်ဧပြီလက အစ္စလာမ့်စစ်သွေးကြွများက လုပ်ဆောင်ခဲ့သည့် အီစတာပွဲတော် တနင်္ဂနွေနေ့ ဗုံးဖောက်ခွဲပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ရာနီ ဝစ်ရီမီဆင်းဟီသည် ထိုတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သောဝတ်ပြုကျောင်းများအနက် တစ်ခုကို ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။
ဝန်ကြီးချုပ်က ကြည်း၊ ရေ၊ လေ တပ်မတော် နှင့် ရဲတပ်ဖွဲ့ကို အခြေအနေထိန်းချုပ်ရန် တာဝန်နှင့်အာဏာအပြည့်အဝ ပေးထားကြောင်း ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လူ ၂၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နှင့် အာဏာပိုင်များက ယနေ့မနက်အထိတိုင် တစ်နိုင်ငံလုံးအနှံ့ ညမထွက်ရ အမိန့်ကိုလည်း တိုးမြှင့်ခဲ့ကြောင်း သိရသည်။
ဧပြီလက လူပေါင်း ၂၅၀ ကျော်သေဆုံးခဲ့သော ဇိမ်ခံဟိုတယ် သုံးခုနှင့် ဘုရားကျောင်း သုံးကျောင်း အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားပြီးနောက် တစ်နိုင်ငံလုံးအနှံ့ အရေးပေါ်အခြေအနေတစ်ရပ် သက်ရောက်နေဆဲဖြစ်ကြောင်းဖော်ပြထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို