ကိုလံဘို ဒီဇင်ဘာ ၄

သီရိလင်္ကာနိုင်ငံတွင် ပထမဆုံး အိုမီခရွန် ဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ တစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သီရိလင်္ကာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးမြှင့်တင်ရေးဗျူရိုက နိုင်ဂျီးရီးယားမှ မကြာသေးမီက ပြန်လာသူတစ်ဦးတွင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်သစ်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ လတ်တလောတွင် ၎င်းကို ကွာရန်တင်းစင်တာသို့ ပို့ဆောင်ထားကြောင်း ပြောကြားလိုက်သည်။

ကျန်းမာရေးဝန်ဆောင်မှုဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဟီမန်သာဟီရတ်က ကျန်းမာရေး အာဏာပိုင်များ၏ သတိထား စောင့်ကြည့်ဆောင်ရွက်မှုအတွင်း ယခုလို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုလို တွေ့ရှိခဲ့သည်မှာ ကြောက်ရွံ့စရာမဟုတ်ကြောင်းနှင့် စိတ်အေးအေးထားရန်၎င်းက ပြည်သူလူထုကို တိုက်တွန်းထားသည်။

အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် သီရိလင်္ကာနိုင်ငံသည် တောင်အာဖရိကအပါအဝင် အာဖရိကခြောက်နိုင်ငံမှ နိုင်ငံခြားခရီးသွားများဝင်ရောက်မှုကို ယာယီကန့် သတ်ထားကြောင်း သိရသည်။

ဆင်ဟွာ