၂၃ ဇူလိုင်

သီရိလင်္ကာနိုင်ငံ သမ္မတ မာရီပါလာ စီးရီဆီနာ က အရေးပေါ်အခြေအနေအား ယမန်နေ့က သက်တမ်းတိုးမြှင့်ခဲ့ကြောင်း၊ နိုင်ငံတွင်းလုံခြုံရေးအခြေအနေအရ နောက်လအထိစဉ်းစားသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုအမိန့်ပြန်တမ်းကို သမ္မတ လက်မှတ်ရေးထိုးခဲ့ပြီး ထိုအရေးပေါ်အခြေအနေ တိုးမြှင့်ခြင်းသည် အများပြည်သူ လုံခြုံရေး၊ ငြိမ်ဝမ်ပိပြားရေး နှင့် ကာကွယ်စောင့်ရှောက်ရေး၊ လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများကို အကျိုးသက်ရောက်မှု ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှု အများအပြားဖြစ်ပွားကာ လူပေါင်း ၂၅၀ ကျော်သေဆုံးပြီး အယောက် ၅၀ဝ ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် သမ္မတ မာရီပါလာ စီးရီဆီနာ က ဧပြီ ၂၂ ရက်နေ့တွင် အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။

သမ္မတ က ထိုအရေးပေါ်အခြေအနေကို မေ ၂၂ ရက်နေ့ထိ တစ်လ သက်တမ်း တိုးမြှင့်ခဲ့ပြီး နောက်ထပ် ဇွန် ၂၂ ရက်နေ့ထိ တိုးမြှင့်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များက ၎င်းတိုက်ခိုက်မှုနှင့် ဆက်နွှယ်သော သံသယရှိသူများကို ဖမ်းဆီးရန် နိုင်ငံအနှံ့ စီးနင်းတိုက်ခိုက်ရန် ဆက်လက်လုပ်ဆောင်နိုင်ရေး အတွက် အရေးပေါ်အခြေအနေ သက်တပ်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယခုချိန်ထိ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်သည့် သံသယရှိသူ အယောက် ၁၀ဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို