ကိုလံဘို ၂၄ ဇူလိုင်
သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် ဇူလိုင် ၁၈ ရက်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကိုးဦးသေဆုံးခဲ့ပြီး အခြား ၁၉ ဦး ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန (ဒီအမ်စီ) က နောက်ဆုံးစာရင်းများ ထုတ်ပြန်ရာတွင် ဖော်ပြသည်။
သီရိလင်္ကာနိုင်ငံအလယ်ပိုင်း ကုန်းမြင့်ဒေသရှိ နူဝါရာအယ်လီရာတွင် သုံးဦးသေဆုံးခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး နိုင်ငံတောင်ပိုင်းရှိ ဟမ်ဘမ်တိုတာတွင သုံးဦး၊ အလယ်ပိုင်း ကန္ဒီကုန်းမြင့်ဒေသ၌ တစ်ဦးနှင့် တောင်ပိုင်းဒေသရှိ ဂါလေးပြည်နယ်၌ နှစ်ဦးသေဆုံးခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။
နိုင်ငံအတွင်းရှိ ဒေသအချို့တွင် မြေပြိုမှုဖြစ်ပွားနိုင်သည့် သတိပေးချက်များ ထုတ်ပြန်ထားပြီး လူပေါင်း ၁၄၀ဝ၀ ကျော်ခန့်မှာ ဆိုးရွားသည့် ရာသီဥတုအခြေအနေ သက်ရောက်နိုင်သည်ဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ဇူလိုင် ၂၃ ရက်၌ သတိပေးချက် ထုတ်ပြန်ထားသည်။
လေပြင်းများတိုက်ခတ်နေ၍ သီရိလင်္ကာ ရေလုပ်သားများအနေဖြင့် ပင်လယ်ပြင်အတွင်းသို့ ငါးဖမ်း မထွက်ကြရန် သတိပေးချက်ထုတ်ပြန်ထားပြီး ရေလုပ်သား ၅၀ဝ ကျော်ကို ဘေးအန္တရာယ်ကင်းရှင်းသည့်န ေရာများသို့ ရွှေ့ပြောင်းပေးထားရသည်။
လေပြင်းတိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများသည် ဇူလိုင် ၂၃ ရက်မှစ၍ တဖြည်းဖြည်းချင်း လျော့ကျသွားဖွယ်ရှိကြောင်း မိုးလေဝသဌာနက နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း နိုင်ငံ၏နယ်မြေဒေသအချို့၌ မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်မည်ဟု မျှော်လင့်ရကြောင်း ဆက်လက်ဖော်ပြထားသည်။
ဆင်ဟွာ