စစ်ကိုင်း  ၂၁  ဖေဖော်ဝါရီ

   

စစ်ကိုင်းတောင်းရို၊သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီအအတွင်းရှိ ဉာဏ်တော် (၃၇)ပေ အမြင့်ရှိ သီတဂူအဘိဓဇစေတီတော်၏ ထီးတော်တင်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း  မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။

 

15

 

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ က  ဆပ်ကပ်လှူဒါန်း သော အဘိဓဇမဟာ ရဋ္ဌဂုရု    ဘွဲ့တံဆိပ်တော်အား သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏  အဓိပတိ၊ ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ တွဲဖက်ရွှေကျင် သာသနာပိုင် သီတဂူ ဆရာတော်  ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရမှ ရရှိခဲသည့်  အထိမ်းအမှတ်အနေဖြင့် သီတဂူအဘိဓဇစေတီတော် တည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်း၊အဆိုပါ စေတီတော် တည်ထားမှုကို ပြီးခဲ့သည့် နှစ်  စက်တင်ဘာလ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့ တွင် သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင် ဦးဆောင်၍ ထီးတော်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

22

 

''ဒီနေ့ နံနက် ၇ နာရီခွဲအချိန်မှာ သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင် ဦးစီးဆောင်ရွက်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကသံဃာအပါး ၁၀ဝ က ပရိတ်ရွတ်ပြီးထီးတော်တင် မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ပြီးတော့ သံဃာအပါး ၁၀ဝ နဲ့ပဲ ဘုရားအနေကဇာတင်ဂါထာနဲ့ အနေကဇာတင်ပွဲပြုလုပ်ခဲ့ပါတယ် "ဟု မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။

 

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က  ဆပ်ကပ်လှူဒါန်း ခဲ့သည့် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်ရရှိတော်မူပြီးသော ဆရာတော် ကြီး ၁၁ ပါး၏  အဘိဓဇပူဇာ အခမ်းအနားကိုလည်း ပြီးခဲ့သည့် နှစ် မတ်   (၁၃) ရက်နေ့က စစ်ကိုင်းတောင်ရိုး၊ သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီ ရှိ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

- ထို့ အပြင် သီတဂူဆရာတော်ဘုရားကြီး၏ ဘဝတစ်လျောက် သာသနာပြုခဲ့သော ပုံရိပ်များအား အများပြည်သူ ဖူးမြော်နိုင်ရန်အတွက် သီတဂူအဘိဓဇမော်ကွန်းတိုက် တည်ဆောက်နေမှုသည်လည်း လက်ရှိတွင်  ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)