စစ်ကိုင်း ၉ မတ်

 

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် သီတဂူ ဆရာတော် ဘုရားကြီး၏ (၈၃)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ (ဒုတိယနေ့) ဖြစ်သည့် ယနေ့တွင် စစ်ကိုင်းတောင်ရိုးရှိ သီလရှင်အပါး ၁ဝဝဝ အား ဆွမ်းကြီးလောင်းလှူပွဲကို နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

320

 

သီတဂူ ဆရာတော်ဘုရားကြီး၏ (၈၃)နှစ်ပြည့် ဝိဇာတမွေးနေ့မှာ တပေါင်းလပြည့်နေ့၊ မတ် ၈ ရက်ဖြစ်ပြီး မွေးနေ့တွင် စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁ဝဝဝ တို့အား ဆွမ်းကြီး လောင်းလှူခဲ့ပြီးဖြစ်ကာ တတိယနေ့ မတ် ၁၀ ရက်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်များမှ သံဃာအပါး ၁ဝဝဝ တို့ကိုလည်း ဆွမ်းကြီးလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်မြင့်နိုင်(ပြန်/ဆက်)