သီတဂူမေတ္တာ စက္ခုဒါနဆေးရုံတော်နှင့် ငပလီဆေးရုံတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်

သံတွဲ  ၃ ဧပြီ 

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာကွယ်နိုင်ရေး စောင့်ကြည့်သူများ ထားရန်အတွက် သီတဂူမေတ္တာစက္ခုဒါန ဆေးရုံနှင့် ငပလီမြို့ ၂၅ - ခုတင် ဆံ့ ဆေးရုံတို့ကို သတ်မှတ်ပြင်ဆင်ပြီး  ဧပြီ၂ ရက် ညနေ ၄ နာရီက အဆိုပါ နေရာများအနှံ အတွင်းအပြင်နေရာများအား ပိုးသတ်ဆေးဖျန်းခြင်းများ နှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

2

 

ဆေးဖျန်းလုပ်ငန်းဆောင်ရွက်ခြင်းကို  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး ကော်မတီဥက္ကဌ ဦးကောင်းမြတ်နိုင်၊ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော်နှင့် တာဝန်ရှိသူများ ကြီးမှူး၍   အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ  ဝန်ထမ်းများနှင့် အမှတ်(၃၂)ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ ၊ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

                                                                                                      

နေမျိုးအောင် (ပြန်/ ဆက်)

 

3