ညောင်ရွှေ ၁၂ အောက်တိုဘာ
အများပြည်သူအားလပ်ရက် ကာလဖြစ်သည့် သီတင်းကျွတ်အားလပ်ရက် ဒုတိယရက်တွင် ညောင်ရွှေမြို့နှင့် အင်းလေးဒေသအတွင်းသို့ ပြည်တွင်း/ပြည်ပဧည့်သည်များ ပျော်ရွှင်စွာ လာရောက် လည်ပတ်လျက်ရှိကြသည်။
အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ (၂၁)ဌာနသို့ ဒေသစာရီ ကြွချီအပူဇော်ခံနေစဉ် ကာလဖြစ်သည့်အတွက် ရုပ်ရှင်တော်မြတ်များ ဆိုက်ရောက်အပူဇော်ခံရာ ဌာနဖြစ်သည့် အင်းလေးမန်ကျည်းဆိပ်ကျေးရွာ စံကျောင်းတော်တွင် ရပ်ဝေးရပ်နီးမှ ဘုရာဖူးဧည့်သည်များ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဝတ်အသင်းအဖွဲ့များ၊ ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်သူများ ဖြင့်စည်ကားလျှက်ရှသည်။ ထို့ပြင် ညောင်ရွှေမြို့စက်လှေဆိပ်နှင့် နန်းပန်ဈေး စက်လှေဆိပ်များတွင်လည်း ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များသည် မိသားစုလိုက် လည်းကောင်း၊ အစုအဖွဲ့များဖြင့်လည်းကောင်း အင်းလေးကန်အတွင်းသို့ စက်လှေများဖြင့် သွားရောက် လည်ပတ်လျက်ရှိကြသည်။
စိုင်းအယ်ဘဲ(ညောင်ရွှေ)


