ပြည် အောက်တိုဘာ ၁၀

 

မကြာမီကာလတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလနှင့် တန်ဆောင်မုန်း တန်ဆောင်တိုင်ပွဲတော် ကာလတို့ နီးကပ်လာပြီဖြစ်၍ အများပြည်သူလူထုအား အထိတ်တလန့်နှင့် စိတ်အနှောင့်အယှက်ဖြစ်စေပြီး မီးလောင်မှု ဖြစ်ပွားစေနိုင်သော မီးအိုး၊ ဗျောက်အိုး၊ မီးရှူးမီးပန်းနှင့် အခြားအသံမြည် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ သိုလှောင်သယ်ဆောင်ခြင်းနှင့် ပစ်ပေါက်ကစားခြင်းတို့ (လုံးဝ) မပြုလုပ်ရန် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၈ရက်နေ့ ရက်စွဲဖြင့် ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အဆိုပါ ဒေသန္တရအမိန့်ထုတ်ပြန်ချက်အား မြို့နယ်အတွင်း အများပြည်သူသိရှိလိုက်နာရန် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့်လိုက်လံကြေညာ ပေးလျက်ရှိကြောင်းနှင့် ယင်းထုတ်ပြန်ချက်ကို ဖောက်ဖျက်ကျူးလွန်သူများအား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၁၈၈အရလည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရလည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅အရလည်းကောင်း ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

(ခရိုင်ပြန်/ဆက်)