တကောင်း ၁၂ အောက်တိုဘာ

 

သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် နည်းပညာနှင့် အကျွမ်းဝင်စေရန် ကွန်ပျူတာအခြေခံ “Scratch Coding” ရေးနည်းသင်တန်းကို တကောင်းမြို့ တတ်သိပညာ စာကြည့်တိုက်တွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

2

 

အဆိုပါသင်တန်းကို Myanmar Book And Preservation Foundation (MBAPF) နှင့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် The Dariu Foundation တို့က ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အလယ်တန်း အဆင့်ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးတို့အား သင်ကြားပေးလျက်ရှိရာ သီတင်းကျွတ်ကျောင်းပိတ်ရက် အောက်တိုဘာ ၁၀ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယဉ်ယဉ်အေး(ပြန်/ဆက်)