ငါးသိုင်းချောင်း ၁၄ အောက်တိုဘာ
ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ကျက်သရေဆောင် လောကမာရဇိန်စေတီတော်ကြီး၌ အောက်တိုဘာလ ၁၃ ရက် ညပိုင်းက ဒေသခံ ဘုရားဖူးပြည်သူများ/သီတင်းကျွတ်ရုံးပိတ်ရက်၌ မိဘရပ်ထံ အလည်အပတ် ပြန်လည်ရောက်ရှိလာသူများဖြင့်စည်ကားလျက်ရှိသည်။
ယင်းနေ့တွင် စေတီတော်ရင်ပြင်တော်/စောင်းတန်းများနှင့်ပတ်ဝန်းကျင်တွင် ရောင်စုံမီးများ/ ဆီမီးများနှင့် အလှမီးများစုပေါင်းထွန်းညှိပူဇော်ခြင်း၊ စတုဒိသာလှူဒါန်းကျွေးမွေးမှုများနှင့် ဖျော်ဖြေရေးအစီအစဉ်များ စုပေါင်းကျင်းပခြင်းတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


