ရွှေသောင်ယံ  ၁  နိုဝင်ဘာ

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အောက်တိုဘာ ၃၁ ရက် သီတင်းကျွတ် လပြည့်နေ့ ညနေ ၄ နာရီက ရွှေသောင်ယံမြို့အမှတ်(၂) ရပ်ကွက်အတွင်း၌ မြေပြန့်ချယ်ရီပင် ၁၆၀ ကို Worldview International Foundation မှ တာဝန်ရှိသူများနှင့် ရပ်ကွက်လူငယ်အဖွဲ့တို့မှ စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အရိပ်ရပင်များဖြစ်သော မြေပြန့်ချယ်ရီပင်များကို ရွှေသောင်ယံမြို့တံတားကြီး ခြေရင်းမှနေ၍ ကမ်းနားလမ်းမကြီးတစ်လျှောက် စိုက်ပျိုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)