ရန်ကုန်  ၁၄  အောက်တိုဘာ

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကင်းထောက်အဖွဲ့က ဦးဆောင်၍ တက္ကသိုလ်အသီးသီးမှ ကင်းထောက် လူငယ်များ စုပေါင်းပြီး သီတင်းကျွတ်လပြည့်နေ့တွင် သန်လျင်မြို့နယ်ရှိ သဘာဝ တရားရိပ်သာ ဘိုးဘွားများဂေဟာတွင် စုပေါင်းလုပ်အားဒါန ကုသိုလ်ကောင်းမှုပြုကြသည်။

 

a

 

တက္ကသိုလ် ကင်းထောက်လူငယ်များသည် သဘာဝတရားရိပ်သာရှိ အဘိုးအဘွားများအား ဆံပင် ညှပ်ပေးခြင်း၊ ရေချိုးပေးခြင်း၊ နေရာထိုင်ခင်းများ သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ သန့်စင်ခန်းများ ဆေးကြောပေးခြင်းအပြင် အလှူငွေများ လှူဒါန်းကြကြောင်း သိရသည်။    

 

a

 

(သတင်းစဉ်)