ပဲခူး ၁၄ အောက်တိုဘာ
သီတင်းကျွတ် ရုံးပိတ်ရက်ကျောင်းပိတ်ရက်များတွင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ဝင်္ဂဘော်ကျေးရွာ ဝင်္ဂဘော် ဆင်စခန်းသို့ လာရောက်လည်ပတ်သူများဖြင့်စည်ကားလျှက်ရှိကြောင်းသိရသည်။
အဆိုပါဝင်္ဂဘော်ဆင်စခန်းသည် ပဲခူးမြို့နှင့် ၁၄ မိုင်ခန့်အကွာတွင်တည်ရှိပြီး ဆင်စခန်း၌ ဆင်ကြီး ၂ကောင်၊ ဝန်တင်ဆင် ၈ကောင်၊ အမိရှိ ဆင်ကလေး ၂ ကောင်နှင့် အမိမဲ့ဆင်ကလေး ၈ ကောင်ရှိကြောင်းသိရသည်။
"သီတင်းကျွတ်ပိတ်ရက်အတွင်း လာရောက်လည်ပတ်သူများပါတယ် စာရင်းအရဆိုရင် ၇၀ဝ ဦးရေ လောက်ရှိပါတယ်။ လာရောက်လည်ပတ်သူတွေထဲနိုင်ငံခြားသားတွေလည်းပါတယ် ဂျပန်လူမျိုး ပိုများပါတယ်။ လာရောက်လည်ပတ်သူ ပြည်သူများနဲ့ နိုင်ငံခြားသားတွေကိုလည်း ဆင်တွေရဲ့ အလေ့အထနဲ့ဆင်နဲ့ပါတ်သက်တဲ့ ဗဟုသုတရစရာတွေကိုလည်းရှင်းပြခွင့်ရတယ် ပြီးတော့ ကိုယ့်ဌာနအတွက်လမ်းဝင်ငွေတွေတိုးလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ပြီးတော့ဆင်တွေကို ထိန်းသိမ်းရတာလည်း ဝမ်းသာပီတိတစ်ခုပါပဲ "ဟု ဦးစိန်လွင် လက်ထောက်မန်နေဂျာ ဝင်္ဂဘော်ဆင်စခန်းတာဝန်ခံ ကပြောကြားသည်။
ဟိန်းထက်(ပြန်/ဆက်)


