၂ စက်တင်ဘာ

 

လက်ဘနွန်နယ်စပ်တလျှောက်မှာ အစ္စရေးနဲ့ ဟစ်ဘိုလာတို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်ပြီဖြစ်ပါတယ်။ တင်းမာမှုဟာ သီတင်းတစ်ပတ်ကြာပြီးနောက် တိုက်ခိုက်မှုတွေစတင်လာတဲ့အတွက် ကမ္ဘာ့အင်အားကြီးတွေပါ ပါဝင်လာတာမျိုး ဖြစ်မှာကိုစိုးရိမ်နေပါတယ်။ 

 

အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ ဟစ်ဘိုလာတို့က အစ္စရေးမြောက်ပိုင်းရှိ  စစ်အခြေစိုက်စခန်း နဲ့ စစ်အရေးပေါ်ကားတို့ကို တင့်ကားအမြှောက်နဲ့ နှစ်ချက်၊ သုံးချက်ပစ်ခတ်ပြီးနောက် အစ္စရေးတို့က အမြှောက်နဲ့ အချက် ၁၀ဝ လောက် ဘေရွှတ်ဘက်ကို မနေ့က ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ 

 

ဟစ်စဘိုလာက အစ္စရေးတင့်ကားတစ်စီးကို ဖျက်ဆီးဖြစ်ပြီး တင့်ကားပေါ်မှာ ပါရှိတဲ့လူတွေက အသတ်ခံရသလို ဒဏ်ရာရတဲ့လို့ ဒေသတွင်းသတင်းဌာနတွေကို ပြောဆိုပေမယ့် အစ္စရေးက သက်သေမရှိတဲ့အတွက် ပြောဆိုမှုကို ပယ်ချလိုက်ပါတယ်။ 

 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အခုအခြေအနေမှာ အရေးကြီးတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်မယ် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအတွက်  အစ္စရေးအနေနဲ့ ပြင်ဆင်ပြီးဖြစ်တယ်။ ဒဏ်ရာရရှိသူမရှိကြောင်း ပြောဆိုပါတယ်။ 

 

ကုလသမဂ္ဂ က နှစ်ဘက်လုံးအပြန်အလှန်ပစ်ခတ်နေတာကို ရပ်တန့်ဖို့ပြောနေသလို ပြင်သစ်ကလည်း အခုအခြအနေဟာ နောက်ထပ်တခြားနိုင်ငံတွေပါလာပြီး ပြဿနာပိုကြီးထွားလာနိုင်မှာကို စိုးရိမ်နေပါတယ်။ 

 

၂၀ဝ၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့  အစ္စရေးနဲ့ ဟစ်ဘိုလာတို့ကြားမှာ တစ်လကြာ တိုက်ပွဲတွေအတွင်းမှာ လူ ၁,ဝ၀ဝ ကျော်သေဆုံးခဲ့ရာ အများစုမှာ သာမန်လက်ဘနွန်နိုင်ငံသားဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP