လှိုင်သာယာ ၉  နိုဝင်ဘာ 

လှိုင်သာယာမြို့နယ်တွင် သိမ်းဆည်းခံလယ်ယာမြေများအား လျော်ကြေးငွေများပေးအပ်လျက်ရှိရာ ကျန်ရှိသည့် မြေယာများ ပိုင်ရှင်အမှန် စိစစ်ခြင်းကို မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ လယ်သမားများ ပူးပေါင်းကာ နိုဝင်ဘာ ၈ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။

 

a

 

လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာနှင့် ကုလားကြီးစုကျေးရွာတို့မှ သိမ်းဆည်းခံလယ်ယာမြေ အမှုတွဲများအား စိစစ်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းမင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုအား ပြန်လည် စိစစ်ရေးကော်မတီ အဖွဲ့ဝင်များသည် တောင်သူလယ်သမားများအား ဥပဒေနှင့်အညီ လျော်ကြေးနှင့်နစ်နာကြေးများ မှန်ကန်စွာ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်တာ