သိန္နီ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်(အကြို)တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲကို မြို့နယ် လူထုအခြေပြု ဗဟိုဌာန  Community Centre ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ သိန္နီမြို့နယ်အတွင်းရှိ ‌အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ က စည်းလုံးခြင်းသည်အင်းအားသီချင်းအက၊ တအာင်းရိုးရာသီချင်းအက၊၊ ရှမ်းကိန္နရီအက၊ ကချင်ရိုးရာ သီချင်းအက၊ လီဆူရိုးရာသီချင်းအက၊ ရှမ်းရိုးရာ သီချင်းအကများဖြင့် သရုပ်ဖော် ကပြခဲ့ကြသည်။ ထို့နောက် ရိုးရာယဉ်ကျေးမှု သီချင်း၊အကများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူ များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)