နေပြည်တော် ၁၈ ဩဂုတ်

ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော် လမ်း၊ မိုင်တိုင် (၃၀/၇ - ၃၁/ဝ)ကြား၊ နားတီးရွာအထွက် တံတားအမှတ်(၆/၃၁)၊ အရှည် (၅၀ ပေ)၊ အကျယ် (၂၈.၅ ပေ) သံကူကွန်ကရစ်တံတားသည် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသည့်အတွက် ယာယီဘေလီတံတားထိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN