သိန္နီ မေ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသော အားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို သိန္နီမြို့ ဝဋ်ကြွေးပြေစေတီတော်အတွင်း၌ ယနေ့ နံနက် ၆ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သိန္နီမြို့ မီးသတ်ဉီးစီးဌာနမှ ဉီးစီးအရာရှိ ဉီးမင်းမင်းသစ် ဉီးဆောင်သော တပ်ဖွဲ့ဝင် အင်အား (၃၀)ဉီးသည် သိန္နီမြို့ ဝဋ်ကြွေးပြေ စေတီတော်အတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ စေတီတော်များတွင် ရေသပ္ပာယ်ခြင်း၊ မြက်ပင်နှင့် ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)