သိန္နီ စက်တင်ဘာ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုးခရိုင် ၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေလင်းထွန်းက အမှာစကားပြောကြားပြီး
သိန္နီပြည်သူ့ကျန်းမာရေးဌာနမှ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မိုးအောင်က သိန္နီမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါလူနာများအခြေအနေနှင့်Quarantine Centre များရှိဆောင်ရွက်နေမှုအစီအစဉ်များ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို စနစ်တကျ ဆေးကုသပေးနေသည့် လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် လိုအပ်ချက်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ကြိုတင်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ယခုထက် ပိုမိုထိရောက်စွာ ကာကွယ် ဆောင်ရွက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းအကြုံပြုဆွေးနွေးတင်ပြကြ ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)