သိန္နီ  နိုဝင်ဘာ  ၃

           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဈေးများ ကျန်းမာရေးလမ်းညွှန်ချက်နှင့် အညီ ဖွင့်လှစ်ရောင်းချရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းကို သိန္နီမြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများက သိန္နီမြို့ မြို့မဈေးအတွင်း စားသောက်ကုန်များနှင့် ဆေးဝါးဆိုင်များသာ ဖွင့်လှစ်ရောင်းချခွင့်ပြုခြင်း၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးရောင်းချသူနှင့် ဈေးဝယ်သူ(၆)ပေအကွာ ရောင်းချစေခြင်း၊ ဈေးရောင်းချသူများအား နံနက်(၁၂)နာရီ အချိန်ထိသာ ရောင်းချခွင့်ပြုခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာကြရန် အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အိဇာချို(ပြန်/ဆက်)