သိန္နီ ၉ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့ရှိ မြို့မဈေးအနီး ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့နံနက် (၆) နာရီခန့်က နယ်မြေခံတပ်နှင့် စိစစ်ဆဲလက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားရာ ၎င်းနေရာအနီးတစ်ဝိုက်ရှိ ပြည်သူ (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ ပစ်ခတ်မှုမှာ နံနက် ၇ နာရီခွဲခန့်တွင် ပြီးဆုံးသွားခဲ့ပြီး ပြည်သူ (၆) ဦး ဒဏ်ရာရရှိမှုတွင် ၎င်းနေရာအနီးရှိ နေအိမ်တွင် အိမ်ငှားနေထိုင်သူ သိန္နီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ အငယ်တန်းစာရေး ဒေါ်ခင်နန်းစိုးမှာ ဝဲဘက်ပေါင်တွင် လက်နယ်ငယ် ဒဏ်ရာ (၂) ချက်၊ ၎င်း၏ ခင်ပွန်းမှာ ကျောပြင်တွင် လက်နက်ငယ် ဒဏ်ရာ (၁) ချက်တို့ ထိမှန် ခဲ့ကြောင်း ဒဏ်ရာရရှိသူများအားလုံးကို မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသမှု ခံယူလျက် ရှိရာ ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN


