သိန္နီ   ၂   အောက်တိုဘာ          

 

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ အောက်တိုဘာလ (၂) ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ်၊ သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံပျက်စီး ဆုံးရှုံးမှုများအတွက် အရေးပေါ် ရန်ပုံငွေမှ တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။

 

 

ရှေးဦးစွာ အမှတ်(၁) မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမြင့်ဦးတို့က အသီးသီး အဖွင့်အမှာစကား ပြောကြားသည်။

 

 

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းတင်စိုးက ထောက်ပံ့ငွေ ပေးအပ်ရသည့်အကြောင်း ရှင်းလင်းဆွေးနွေးပြီး မိုးစပါးသီးနှံနှင့် အစေ့ထုတ် ပြောင်းစိုက်တောင်သူများ အား ပျက်စီးဆုံးရှုံးမှု တစ်ဧကလျှင်  ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် တောင်သူဦးရေပေါင်း ၂၄၂ ဦး၊ ပျက်စီးဧက (၃၅၅)ဧက အတွက် ငွေကျပ် ၃၅၅၀၀၀၀ စုစုပေါင်းငွေကျပ် သုံးဆယ့်ငါးသိန်းငါးသောင်း တိတိကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

 

(မြို့နယ် ပြန်-ဆက်)