သိန်းထွန်း (IR) ၏ ဆောင်းပါးပေါင်းချုပ် စာအုပ်ထွက်ရှိ

၂၁ မတ်

 

စာရေးသူသိန်းထွန်း (IR) ၏ ဆောင်းပါးပေါင်းချုပ် စာအုပ်ထွက်ရှိလာသည်။

 

4

 

အဆိုပါစာအုပ်တွင် The Voice Daily သတင်းစာ၊ မြန်မာ့အလင်း သတင်းစာ၊ ကြေးမုံသတင်းစာနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး စာစောင်တို့တွင် ရေးသားဖော်ပြခဲ့သော ဆောင်းပါးများကို စုပေါင်း၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဆောင်းပါး ၅၇ ပုဒ်ပါရှိသည်။

 

"ဤဆောင်းပါးပေါင်းချုပ်အနေဖြင့် မြန်မာစာဖတ်ပရိသတ်အတွက်လိုအပ်သော ကွတ်လပ်တစ်ခု ဖြည့်ဆည်းပေးခွင့်ရလိုက်သကဲ့သို့ မြန်မာ စာပေလောကအတွက် အုပ်တစ်ချပ် သဲတစ်ပွင့်ပမာ တစ်ထောင့်တစ်နေရာမှတစ်စုံတစ်ရာ ကို အားဖြည့်ပေးသည့်စာအုပ်ကောင်းတစ်အုပ်"ဟု ထုတ်ဝေသူ၏ အမှာစာတွင် ညွှန်းဆိုထားသည်။

 

ကြေးမုံ စာအုပ်စင်