နေပြည်တော် အောက်တိုဘာ ၂၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစား ပြိုင်ပွဲများကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ဆက်လက် ယှဉ်ပြိုင်ကြသည်။

 

(အမျိုးသား) ဘောလုံးပြိုင်ပွဲကို လေ့ကျင့်ရေးကွင်း ၁ ၌လည်းကောင်း၊ (အမျိုးသား) ဘော်လီဘောပြိုင်ပွဲကို အားကစားလေ့ကျင့်ရေးခန်းမ()၌ လည်းကောင်း၊ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲကို အားကစား လေ့ကျင့်ရေးခန်းမ() ၌ လည်းကောင်းကျင်းပခဲ့ပြီး ပြိုင်ပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားကျောင်းသူများ တက်ရောက် ကြည့်ရှုအားပေးကြကာ ပြိုင်ပွဲများအပြီးတွင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)