နေပြည်တော် အောက်တိုဘာ ၂၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝန်ကြီးဌာနပိုင် အားကစားကွင်း များတွင် ဆက်လက်ကျင်းပ ယှဉ်ပြိုင်ကြသည်။
ယနေ့ နံနက်ပိုင်းတွင် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၁)၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားများ တက်ရောက်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲများအပြီးတွင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားကာ အားကစားသမားများကို ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ထို့ပြင် ယမန်နေ့ ညနေပိုင်းကလည်း အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)၌ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များကို ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြည့်ရှု အားပေးကြကာ ယှဉ်ပြိုင်မှုများအပြီးတွင် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


