နေပြည်တော်၊ ဖေဖော်ဝါရီ   ၂၀

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၁၈ ရက်က မိတ္ထီလာမြို့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာ လူ့စွမ်းအား အရင်းအမြစ်များကို မဟာဗျူဟာကျကျ မွေးထုတ်သွားရန်၊ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ပံ့ပိုးပေးနိုင်သည့် သုတေသနများကို ထိရောက်ပီပြင်စွာ ဆောင်ရွက်ရင်း University Ranking ကို မြှင့်တင်ရန်၊ ဆိုလာလေယာဉ်ပျံနှင့် အာကာသ အခြေပြု ဆိုလာစနစ်ကို သုတေသန ဆောင်ရွက်ရန်၊ ပြည်တွင်းပြည်ပ တက္ကသိုလ်များနှင့် ကွန်ရက်ချိတ်ဆက်ကာ သုတေသနများ ပူးပေါင်းဆောင်ရွက်ရန်၊ ရရှိလာသည့် သုတေသန ရလဒ်များကို လက်ဆင့်ကမ်းကာ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ထိရောက်စွာ အသုံးချ နိုင်ရေး ဆောင်ရွက်သွားရန်နှင့် သင်ကြားသင်ယူမှု စနစ်များကို အရည်အသွေး ပြည့်မီစေရေး မွမ်းမံသွားရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

 

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ပင်မဆောင်ရှိ စာသင်ခန်းများ၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်နှင့် လက်တွေ့ခန်းများ၊ လေကြောင်းနှင့် အာကာသပညာရပ်ဆိုင်ရာ ပြခန်း တည်ဆောက်နေမှုကိုလည်းကောင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန်အတွက် လမ်း တိုးချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ပလက်ဖောင်းနှင့် လမ်းမီးတိုင်များပြုပြင်ခြင်း၊ အလှသစ်ပင်များ စိုက်ပျိုးခြင်း၊ ဘောလုံးကွင်း တည်ဆောက်ခြင်းနှင့်  နှစ်ထပ်ကျောင်းသား အိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေး သည်။

 

 

 

 

ထို့နောက် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) သို့ သွားရောက်၍ ပင်မဆောင်၊ ကျောင်းသားအိပ်ဆောင်နှင့် အလုပ်ရုံများ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ် ဆေးပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အရည်အချင်းပြည့်ဝသည့် နည်းပညာရှင်များ ပျိုးထောင်ပေးရန်၊ Master Plan ကို ဇုန်များအလိုက် စနစ်တကျ ချမှတ်ဆောင် ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်