ကော့ကရိတ် ၁၃ မေ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ကရိတ်-မြဝတီအာရှလမ်း ကီလိုမီတာ ၁၅၄ နှင့် ၁၅၅ အကြား နတ်စင်ကွေ့အနီးတွင် မေလ ၁၂ ရက် ည ၉ နာရီအချိန်ခန့်တွင် (၂၂)ဘီး ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း သတင်းအရ ကော့ကရိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးထူးအောင်ရွှေနှင့် အမှတ်(၇၁)ယာဉ်ထိန်းတပ်ဖွဲ့စု တပ်ကြပ်ဌေးအောင်နှင့် သက်သေများမှ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ မေ ၁၂ ရက်နေ့ ည ၉ နာရီအချိန် မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ယာဉ်မောင်း မျိုးမင်းသိန်း၊ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဇနီးဖြစ်သူ ဒေါ်ခင်မေဦးနှင့် ယာဉ်နောက်လိုက် အာကာထိုက် (ခ)အာကာ တို့လိုက်ပါလာပြီး သကြားအိတ်(၃၀ဝ)အိတ်ခန့် တင်ဆောင်မောင်းနှင်လာသည့် (၂၂)ဘီးယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်း နိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဒဏ်ရာများ(စိုးရိမ်ရ)၊ ယာဉ်နောက်လိုက် အာကာထိုက်တွင် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိကာ မြဝတီပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသလျက်ရှိသည်။
သို့ဖြစ်ပါ၍ ယာဉ်အား ပေါ့ဆစွာမောင်းနှင်၍ လူထိခိုက်ဒဏ်ရာရရှိအောင်ပြုလုပ်သူ ယာဉ်မောင်း မျိုးမင်းသိန်းအား ကော့ကရိတ်မြို့မရဲစခန်းမှ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်/ဆက်)