ပခုက္ကူ  ၁ ဇူလိုင်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေနှင့် ကိုဗစ်-၁၉အရေးပေါ်ကာလ ထပ်ဆောင်း ထောက်ပံ့ငွေများကို ပခုက္ကူမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများထံ ဇူလိုင်လ ၁ရက် နံနက် ၈ နာရီခွဲက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြသည်။

 

အဆိုပါထောက်ပံ့ပေးအပ်မှုများတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပခုက္ကူမြို့၊ အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်ဝင်းတို့ လိုက်ပါကြပြီး  ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ တတိယသုံးလပတ် (ဧပြီ၊မေ၊ဇွန်)များအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် သုံးသောင်းနှင့် ကိုဗစ်-၁၉ အရေးပေါ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေသုံးသောင်း စုစုပေါင်း အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားတစ်ဦးလျှင် ခြောက်သောင်းကျပ်စီဖြင့် သက်ကြီးဘိုးဘွား (၁၇)ဦးထံ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြသည်။

 

ခရိုင်ပြန်/ဆက်