ရန်ကုန် ၂၈ ဇန်နဝါရီ
မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းကကြီးမှူး၍ (၂၁) ကြိမ်မြောက် သက်ကြီး စာကြည့်တိုက်ပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ (စနေနေ့)နံနက် ၉ နာရီတွင် တက္ကသိုလ်များဓမ္မာရုံ၌ ကျင်းပမည်ဖြစ်သည်။
ထိုအခမ်းအနားသို့တက်ရောက်ရန် ပူဇော်ခံသက်ကြီးစာကြည့်တိုက်ပညာရှင်ကြီး များ၊ မြန်မာနိုင်ငံ စာကြည့်တိ်ုက်အသင်းနာယကများ၊ ၊ ရန်ကုန်တက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့ရှိ စာကြည့်တိုက်နှင့် သုတပညာဌာနများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ကြီးဌာနအသီးသီးရှိ စာကြည့်တိုက် များတွင် တာဝန်ထမ်းဆောင်နေကြသော စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းဝင်များ အားလုံး တက် ရောက်ကြရန် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းက ဖိတ်ကြားထားကြောင်း သိရသည်။
(သတင်းစဉ်)