ရန်ကုန် ၁၂ ဒီဇင်ဘာ

 

မြန်မာနိုင်ငံစာရေးဆရာအသင်းက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၃၈၁ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက စဉ်ဆက်မပြတ် လှူဒါန်းလျက်ရှိရာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းက ငွေကျပ်သိန်းသုံးဆယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့က ငွေကျပ်ဆယ်သိန်းစီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း + ဒေါ်ခင်လေးသက် မိသားစုက ငွေကျပ်သုံးသိန်း၊ ဦးထင်ဖတ်(မောင်ထင်) + ဒေါ်သောင်းသောင်းအား ရည်စူး၍ သားသမီး မြေးများကငွေကျပ် ၁၅၀၀၀ဝ၊ ဆရာတော် ဘဒ္ဒန္တကေလာသ၊ ပဏ္ဍိတာရာမ စာသင်တိုက်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ လှိုင်သာယာမြို့နယ် စာရေးဆရာအသင်းနှင့် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနေ စာရေးဆရာ/သတင်းစာဆရာ နိုင်မိုး(လုံးခင်း)တို့က ငွေကျပ်တစ်သိန်းစီ၊ စာရေးနည်းလမ်းညွှန် သင်တန်းဆင်းများက ငွေကျပ်ခုနစ်သောင်း၊ မိတ္ထီလာမြို့နယ် စာရေးဆရာအသင်းနှင့် သထုံမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ စာရေးဆရာမ နန္ဒာခင်(သက္ကလမြေ)နှင့် မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်သုံးသောင်းစီ လှူဒါန်းခဲ့ကြသည်။

 

ယနေ့အထိလက်ခံရရှိ အလှူငွေ(ငွေသား) စုစုပေါင်း ငွေကျပ် ၂၆၇၁၀၀၀ဝ ဖြစ်ပြီး အလှူငွေစုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ရာ အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၁-၂၅၂၄၁၇၊ ၀၁-၃၈၅၂၇၃ သို့ ကိုယ်တိုင်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်