ရန်ကုန် ၆ ဒီဇင်ဘာ
မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီးမှစ၍ ယခု မြန်မာနိုင်ငံ စာရေးဆရာအသင်း လက်ထက်အထိ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၈ ခုနှစ်အထိ သက်ကြီးစာပေ ပညာရှင်ကြီးများအား စာဆိုတော်နေ့ဝန်းကျင်တွင် နှစ်စဉ်ကန်တော့ပွဲကျင်းပခဲ့ရာ (၃၃)ကြိမ် ရှိပြီဖြစ်သည်။
အစဉ်အလာမပျက် ဆက်လက်ကျင်းပသွားမည့် ၂၀၁၉ ခုနှစ် (၃၄)ကြိမ်မြောက် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ လှူဒါန်းကြရာ နိုင်ငံတော်သမ္မတရုံးက ငွေကျပ် ၈၃၇၀ဝ၀ဝ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ငွေကျပ် ၂၇၉၀ဝ၀ဝ၊ ဒေါက်တာတင်ထွန်းဦး+ဒေါက်တာခင်မိုးမိုး စွယ်စုံမီဒီယာဂရု(ပ်)က ငွေကျပ် တစ်ဆယ့်ငါးသိန်း၊ (ဗိုလ်ချုပ်ကြီး မဟာသရေစည်သူ စိုးဝင်း)+ဒေါ်သန်းသန်းနွဲ့(မလေး-မုံရွာ) သား သမီးမြေးများ မိသားစုနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့က ငွေကျပ် ဆယ်သိန်းစီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဆရာဝန်တင်ရွှေမိသားစုနှင့် ဦးဇော်မင်း(မင်္ဂလာကုမ္ပဏီ)တို့က ငွေကျပ် ငါးသိန်းစီ၊ ဒေါက်တာမောင်ဖြေ+ဒေါ်မေကြည်(ဒေဝယက္ခဆေးတိုက်)က ငွေကျပ် သုံးသိန်းနှင့် ဆေးဝါးများ၊ ဦးစိုးမြင့်(စိုးမှူး)+ဒေါ်ကြည်ကြည်ခင်(စိုးကြည်ဖြူ)၊ သမီး အကယ်ဒမီ စိုးမြတ်သူဇာ မိသားစု၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် ဗိုလ်မှူး သက်ထွန်း (ငြိမ်း) +ဒေါ်သီသီနွယ်(ဗိုလ်ချုပ်ဈေး)တို့က ငွေကျပ်သုံးသိန်းစီ၊ (ဝန်ကြီး ဗိုလ်မှူးချုပ် စည်သူ တင်ဖေ)+ ဒေါ်သိန်းဆိုင် (မမြတ်လေး)တို့အား အမှူးထား၍ ဦးဉာဏ်ထွန်းဦး+ ဒေါ်ခင်စောဥမ္မာ၊ ဦးနန္ဒကျော်စွာ+ဒေါက်တာဒေါ်မြင့်ဌေး (မြတ်လေးရုံ မိသားစု)နှင့် ဦးချစ်နိုင်(ချစ်နိုင်-စိတ်ပညာ)+ဒေါ်လှလှမြင့်၊ သမီး မနိုင်နိုင်အေး မိသားစုတို့က ငွေကျပ် နှစ်သိန်းစီ၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်းက ဂီတနက်သန်ကိုစောညိန်း စာမူခ ငွေကျပ် ၁၁၀ဝ၀ဝ၊ ဦးမောင်မောင်မြင့်အေး+ဒေါက်တာစောယုနွယ် မိသားစုက ငွေကျပ် တစ်သိန်းနှင့် ပြက္ခဒိန်များ၊ ဦးအံ့မောင်(အံ့မောင်)၊ ဗိုလ်မှူးကြီးသိုက်ထွန်း(ငြိမ်း)+ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နွဲ့နွဲ့ကြည်၊ ဒေါ်ကျင်တိုး(တိုးတိုး)၊ ဆရာမင်းရိုးယဉ်၊ သား တေးသံရှင် ကိုလတ်နှင့် ကိုအောင်အောင်(Lucky Home)၊ ဦးတင်ဟုတ်+ ဒေါ်တင်တင်လှိုင်၊ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)၊ ဒေါ်ချိုချိုတင်(မစန္ဒာ)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)+ဒေါ်ခင်အေးမူ၊ ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်)+ မလေးယဉ်၊ ဒေါက်တာနေဝင်း(စိတ်ကျန်းမာရေးဖောင်ဒေးရှင်း)၊ ဒေါက်တာချစ်မိသားစု၊ မအာသာဝတီခင်မြတ်ဘုန်း၊ ဒေါက်တာအေးမင်း(ဒေါက်တာ အောင်ထက်-ဆေး ၁)၊ ဗိုလ်မှူးကြီးရန်နိုင်ဦး(ငြိမ်း) (ရန်နိုင်ဦး)+ဒေါ်ရွှေစင်၊ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း၊ ရွှေပြည်သာမြို့နယ် စာရေးဆရာအသင်း၊ တာမွေမြို့နယ် စာရေးဆရာအသင်း၊ မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်း၊ မြဝတီ မြို့နယ်စာရေးဆရာအသင်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ အပါအဝင် အခြားအလှူရှင်များက အလှူငွေနှင့် အလှူပစ္စည်းများ အသီးသီးလှူဒါန်းခဲ့ကြရာ ယနေ့အထိ လက်ခံရရှိပြီး အလှူငွေ (ငွေသား) စုစုပေါင်း ငွေကျပ် ၂၀၆၃၀ဝ၀ဝ (ကျပ် နှစ်ရာ့ခြောက်သိန်းသုံးသောင်းတိတိ)ဖြစ်ကြောင်း သိရသည်။
သက်ကြီးစာပေပညာရှင်ကြီးများအတွက် အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှတ်(၁၇၃/၁၇၅) (၇)လွှာ ပန်းဆိုးတန်း လမ်း(အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း (ဝ၁-၂၅၂၄၁၇၊ ဝ၁-၃၈၅၂၇၃)တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)