မန္တလေး  ၁   သြဂုတ်

မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးပညာဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သက်ကြီးရွယ်အိုဆေးကုဌာန နှင့်Institute of Geriatric Medicine, Department of Medical Services, Thailand တို့ ပူးပေါင်း ကျင်းပသော သက်ကြီးရွယ်အို ကုသစောင့်ရှောက်ရေးဆိုင်ရာဆေးပညာသင်တန်း Geriatric Training Course in Myanmar 2019 ဖွင့်ပွဲ ကို ဩဂုတ် ၁ ရက်နေ့ နံနက် ၉ နာရီ ခွဲ က မန္တလေးမြို့၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြား ၃၆ လမ်းရှိ Gold Leaf Hotel ခန်းမတွင် ကျင်းပခဲ့သည်။

 သင်တန်းတွင် သက်ကြီးရွယ်အို ကုသစောင့်ရှောက်ရေးဆိုင်ရာဆေးပညာများအား မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးပညာဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သက်ကြီးရွယ်အို ဆေးကုဌာနနှင့် Institute of Geriatric Medicine, Department of Medical Services, Thailand တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ကတက်ရောက် ဟောပြောပို့ချခဲ့ကြောင်းနှင့်အဆိုပါ သင်တန်းကို ဩဂုတ် ၂ ရက်နေ့အထိ နှစ်ရက်ကြာ ဟောပြောပို့ချမည်ဖြစ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အထူးကုဆရာဝန် (ဆေးပညာ) သင်တန်းသား/သင်တန်းသူ(၃၃)ဦး တက်ရောက်ကြသည်။

အောင်စံမောင်