မောင်စာဂ

သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၄ ဖြင့် ပြဋ္ဌာန်းခဲ့သည်။ နှစ်နှစ်ကျော်ခဲ့ပေပြီ။ ဘာကြောင့် သက်ကြီးရွယ်အိုများအတွက်ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းလာရသနည်း။ သက်ကြီးရွယ်အိုဆိုသည် မည်သည့်အသက် အရွယ်ကိုခေါ် သနည်းစသည်ဖြင့် စောကြောမိသည်။ အနှစ်ချုပ်မျှဝေပါရစေ။

နိုင်ငံတကာနှင့် သက်ကြီးရွယ်အိုများ

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူဦးရေ အချိုးအစား ပြောင်းလဲလာသည်။ အဘယ်ကြောင့်ဆိုသော်က္ဘာတစ်ဝန်း ကလေးမွေးဖွားနှုန်းကျဆင်းနေပြီး လူတို့၏ မျှော်မှန်းသက်တမ်း ရှည်လျားလာမှုကြောင့် ဖြစ်သည်။ က္ဘာပေါ် ၌ စက္ကန့်တိုင်းတွင် အသက် ၆၀ နှင့်အထက် နှစ်ဦးတိုးပွားနေသည်။ တစ်နှစ်လျှင် သက်ကြီး ၅၈ သန်းခန့် တိုးပွားနေသည်ဟု ခန့်မှန်းနေကြသည်။
ကမ္ဘာ့သက်ကြီးရွယ်အိုများ စောင့်ကြည့်လေ့လာ ရေးအဖွဲ The Global Age Watch Index က နိုင်ငံပေါင်း ၉၁ နိုင်ငံရှိ အသက်ကြီးသူများ၏ ဘဝအရည်အသွေးကို စစ်ဆေးလေ့လာခဲ့သည်။ နိုင်ငံပေါင်းများစွာသည် ၎င်းတို့၏ အသက်ကြီးသူများအတွက်လုံလောက်သော၊ စနစ်ကျသော ပံ့ပိုးမှုမရှိဟု ဖော်ပြ ခဲ့သည်။ ၎င်းအဖွဲ့၏ ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့်နောက်ထပ်တစ်ကြိမ် နိုင်ငံပေါင်း ၉၆ နိုင်ငံ၏ ညွှန်းကိန်းအရ နော်ဝေနိုင်ငံသည် သက်ကြီးရွယ်အိုများအတွက်နေထိုင်ရာ အကောင်းဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးမှာရှိနေ သည်။ ယခင်နှစ် ညွှန်းကိန်းအရ ထိပ်ဆုံးက ဆွီဒင်နိုင်ငံသည် ဒုတိယနေရာကို ရောက်ရှိသွားသည်။ ထိပ်ဆုံးက အကောင်းဆုံး ၁၀ နိုင်ငံထဲတွင် အမှတ်စဉ် ကိုးနေရာ က ရရှိသည့် ဂျပန်နိုင်ငံကလွဲလျှင် ကျန် ကိုးနိုင်ငံသည်ဥရောပ၊ မြောက်အမေရိကနှင့် ဩစတြေးလျ၊ အာရှဒေသနိုင်ငံများဖြစ်သည်။ နောက်ဆုံးနိုင်ငံပေါင်း လေးပုံတစ်ပုံ၏ ထက်ဝက်သည် အာဖရိက နိုင်ငံတွေ ဖြစ်နေကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်း၏ အစီရင်ခံစာတွင် “သက်ကြီးများအတွက်သင့်လျော်သော အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ပေးခြင်း၊ သက်ကြီးများအပေါ် ညှဉ်းပန်းမှုမရှိစေရေးနှင့် အရွယ်လွန်သက်ကြီးများ၏ စိတ်ကျန်းမာရေးကို အထူးဂရုပြုစောင့်ရှောက်ပေးကြပါရန်” ကမ္ဘာ့နိုင်ငံများသို့ တိုက်တွန်းထားခဲ့သည်။ နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့တိုင်းကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ (International Day of Order Persons) ဟု ၁၉၉၉ ခုနှစ်ကစတင်၍ပင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားရှိခဲ့သည်။

 

မြန်မာနိုင်ငံနှင့်သက်ကြီးရွယ်အိုများ
မြန်မာနိုင်ငံတွင်လည်း အသက် ၆၀ နှင့်အထက်သက်ကြီးရွယ်အိုသည် တစ်နိုင်ငံလုံး၏ ၈ ဒသမ ၉ ရာ ခိုင်နှုန်းရှိနေပြီး ၅ သန်းခန့် ဝန်းကျင်တွင်ရှိနေသည်။ ၂၀၃၀ ပြည့်နှစ်ရောက်သည့်အချိန်တွင် တစ်နိုင်ငံလုံး၏ ၁၃ ဒသမ ၂ ရာခိုင်နှုန်းအထိရှိလာနိုင်ပြီး ၇ ဒသမ ၉ သန်းအထိ များပြားလာနိုင်သည်ဟု ခန့်မှန်းကြသည်။ ယင်းအခြေအနေတွင် မြန်မာနိုင်ငံသည်၂၀၁၅ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများ၏ သက်ကြီးရွယ်အိုဆိုင်ရာ ကြေညာစာတမ်းတွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။ ယင်းစာတမ်းတွင် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်များကိုကိုင်တွယ်ဖြည့်ဆည်းပေးသွားဖို့ ကတိပြုကြခြင်းဖြစ်သည်။ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ် ) ပုဒ်မ ၃၂(က) တွင် နိုင်ငံတော်သည် အိုမင်းမစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟူသောအချက်များ ပြဋ္ဌာန်း ထားသည်။ ယင်းပြဋ္ဌာန်းချက်အရ သက်ကြီးရွယ်အိုများ အား ကျန်းမာရေးနှင့်လူမှုရေးဆိုင်ရာ လိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ (၂၀၁၆ ခုနှစ်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၄၄) ကိုပြဋ္ဌာန်းပေးရခြင်းဖြစ်သည်။

 

သက်ကြီးရွယ်အိုနှင့်အိုမင်းမစွမ်းသူ 
မြန်မာနိုင်ငံ၏သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အရ သက်ကြီးရွယ်အိုဆိုသည်မှာ အသက် ၆၀ နှင့်အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကိုဆိုသည်။ အိုမင်းမစွမ်းသူဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ်စိတ်ပိုင်းဆိုင်ရာချို့တဲ့ပြီး တစ်ပါးသူ၏ အကူအညီမပါဘဲ မိမိကိုယ်တိုင် ရပ်တည်နိုင်ခြင်းမရှိသော သက်ကြီးရွယ်အိုကိုဆိုသည်။ ထို့ပြင် စရိတ်ထောက်ပံ့ရန်လိုအပ်သော မိဘဘိုးဘွားဆိုသည်မှာ သားသမီး နှင့်မြေးများ မရှိခြင်းကြောင့်ဖြစ်စေ၊ သားသမီးနှင့်မြေးများရှိသော်လည်း ၎င်းတို့က စွန့်ပစ်ထားခြင်း၊ လျစ်လျူရှုပြီး မထောက်ပံ့ခြင်း သို့မဟုတ် မထောက်ပံ့နိုင်ခြင်းကြောင့်ဖြစ်စေ ချို့တဲ့သော သို့မဟုတ် မိမိကိုယ်တိုင် ရပ်တည်နိုင်ခြင်းမရှိသော သက်ကြီးရွယ်အို၊ မိဘဘိုးဘွားကို ဆိုကြောင်းဖော်ပြထားသည်။ဥပဒေ၏ ရည်ရွယ်ချက်သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်အနှစ်ချုပ်မှာ သက်ကြီးရွယ်အိုများအား ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုများမြှင့်တင်ရန်၊ ဝင်ငွေပုံမှန်ရရှိစေရန်၊ ဘိုးဘွားရိပ်သာများတွင် နားခိုစောင့်ရှောက်မှုပေးနိုင်ရန်၊ လူမှုရေးနှင့် ရပ်ရေး၊ ရွာရေး များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး တိုးမြှင့်ရန်၊ ကျန်းမာ ရေးဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူစွာရရှိနိုင်ရန်၊ လှုပ်ရှားသွားလာ နေထိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ဈေးနှုန်းသက်သာ၍ လွယ်ကူစွာ သွားလာနိုင်ရန်၊ သဘာဝဘေးအ္တရာယ်များ ကြုံတွေ့လာသည့်အခါ အထူးအလေးထား စောင့်ရှောက်ရန်နှင့် ဘေးကင်းလုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ရရှိစေရန်တို့ဖြစ်သည်။

 

သက်ကြီးရွယ်အိုများ၏အခွင့်အရေးများ
ဥပဒေတွင်ပြဋ္ဌာန်းထားသည့် သက်ကြီးရွယ်အိုများ ၏ အခွင့်အရေးများ အနှစ်ချုပ်မှာ သင့်လျော်သောအထောက်အပံ့ရရှိခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ခွင့်၊ အသင်းအဖွဲ့များ၊ အစည်းအရုံးများဖွဲ့စည်းဆောင်ရွက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်၊ သင့်တင့်သော ဝင်ငွေပုံမှန်ရရှိရေးနှင့် နေထိုင်မှုအဆင့်အတန်းရှိရေးတို့အတွက် အထောက်အပံ့ရယူခွင့်၊ ပို့ဆောင်ရေးယာဉ်များတွင် အဆင်ပြေလွယ်ကူစွာသွားလာနိုင်ခွင့်နှင့် သင့်လျော်သောယာဉ်စီးခ လျှော့ပေါ့ခွင့် သို့မဟုတ် ကင်းလွတ်ခွင့်၊ ခွဲခြားဆက်ဆံခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ လျစ်လျူရှုခြင်း၊ စွန့်ပစ်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မတရားပြုကျင့်ခြင်းများ မခံရ အောင် အကာအကွယ်ရရှိခွင့်၊ ကိုးကွယ်ရာ ဘာသာ ဓလေ့ထုံးစံအရ သင်္ဂြိုဟ်ခွင့်နှင့် သင်္ဂြိုဟ်စရိတ်ကင်းလွတ်ခွင့်တို့ဖြစ်သည်။ ယင်းအခွင့်အရေး များကို လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာမှုတို့ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုမရှိစေဘဲ ခံစားခွင့်ရရှိစေရပါမည်။


ထို့ပြင် မိဘဘိုးဘွားများအား စရိတ်ထောက်ပံ့ရန်လုံလောက်သောငွေကြေးနှင့် ပစ္စည်းများ ထောက်ပံ့နိုင်စွမ်းရှိပါလျက်နှင့် ထောက်ပံ့ခြင်းမပြုသဖြင့် မိမိတို့ကိုယ်တိုင်ရပ်တည်နိုင်စွမ်းမရှိသည့် မိဘဘိုးဘွားများ သည် အဆိုပါ သားသမီး၊ မြေးများအပေါ် စရိတ်ထောက်ပံ့စေလိုမှု တရားစွဲဆိုနိုင်သည်။ တရားရုံးက စစ်ဆေးပြီး သက်သေခံချက်ထင်ရှားလျှင် မိဘဘိုးဘွား တစ်ဦးအတွက် လစဉ် ကျပ်ငါးသောင်းထက်မပိုသော စရိတ် သို့မဟုတ် တစ်လုံးတည်းစရိတ်ကိုပေးစေရန်အမိန့်ချမှတ်နိုင်သည်။

 

မည်သို့ပြစ်မှုကျူးလွန်က မည်သို့ပြစ်ဒဏ်ရရှိသနည်း
သက်ကြီးရွယ်အိုများ၏ အခွင့်အရေးကို ပေးရမည့်မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှ တာဝန်ရှိသူမည်သူမဆို သက်ကြီးရွယ်အိုတစ်ဦးဦးက သက်ကြီး ရွယ်အိုသက်သေခံကတ်ပြားကိုပြသပြီး သက်ကြီး ရွယ်အိုများ၏ အခွင့်အရေးကို ခံစားခွင့်ပြုရန် တောင်း ဆိုလာသည့်အခါ ငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းမပြုရပါ။ မည်သူမဆို သက်ကြီးရွယ်အိုကို ခွဲခြား ဆက်ဆံခြင်း သို့မဟုတ် မတရားပြုကျင့်ခြင်း မပြုရပါ။ မတရားပြုကျင့်ခြင်းဆိုသည်မှာ သက်ကြီးရွယ်အိုအား အစားအသောက် သို့မဟုတ် ဆေးဝါးကို လုံလောက်စွာမပေးခြင်း၊ ရိုက်နှက်ခြင်း၊ နှုတ်ဖြင့် စော်ကားခြင်း၊ တောင်းရမ်းခိုင်းခြင်း၊ ဘေးအ္တရာယ်ဖြစ်စေခြင်း အပါအဝင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် မလျော်ကန်ပြုလုပ်ခြင်းတို့ ပါဝင်သည်။ ဖော်ပြပါပြုလုပ်မှုတစ်ခုခုကိုပြုပါက ထိုသူသည်နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ဆယ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။


ထို့ပြင် မည်သူမဆို တည်ထောင်ခွင့်ပြုမိန့်မရှိဘဲစီးပွားရေးအလို့ငှာ ဘိုးဘွားရိပ်သာကိုဖြစ်စေ၊ လုပ်ငန်း လုပ်ကိုင်ခွင့်မရှိဘဲ စီးပွားရေးအလို့ငှာ သက်ကြီး ရွယ်အို ကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်း တစ်ခုခုကိုဖြစ်စေ လုပ်ကိုင်ခြင်းမပြုရပါ။ ပြုပါက အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံးကျပ် ၁၀ သိန်းအထိငွေဒဏ်ချမှတ်ခြင်းခံရမည်။

 

မြန်မာ့ကျင့်ဝတ်၊ မြန်မာ့ဓလေ့
သက်ကြီးရွယ်အိုများသည် ယခုအချိန်တွင် သ က်ကြီး အဘိုးအဘွားများ ဖြစ်ကြသော်လည်း တစ်ချိန်က အိမ်ထောင်ဦးစီး၊ အကြီးအကဲမိသားစုဝင်များဖြစ်ကြသည်။ အမိအဖ၊ ဦးကြီးဦးလေး၊ ဒေါ် ကြီးဒေါ်လေးများ ဖြစ်ကြသည်။ မိသားစုကို ထိန်းကျောင်းခဲ့ကြသည်။ အများကောင်းကျိုး သယ်ပိုးခဲ့ကြသည်။ နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ကြသည်။ လူမှုရေး၊ စီးပွားရေး အရေး မှန်သမျှတွင် ဦးဆောင် ဦးရွက်ပြုခဲ့ကြသည်။ ယနေ့အိမ်ထောင်ဦးစီး၊ အကြီးအကဲများသည် မနေ့တစ်နေ့ကထိ သားသမီးများဖြစ်ကြပြီး မနက်ဖြန်သဘက်ခါတွင်မိဘ၊ ဘိုးဘွား သက်ကြီးရွယ်အိုများ ဖြစ်လာကြဦးမည်။


အမိအဖဘဝတွင် ]မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ}} ဟူသော ဝတ္တရားငါးပါး ဆောင်ရွက်ကြရသည်။ သားသမီးတို့ကလည်း ]]ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ}} ဟူသော ဝတ္တရားငါးပါး ဆောင်ရွက်ကြရသည်။ ဤသို့ဖြင့် မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုဂုဏ်ယူဝငြွ့်ကားဖွယ် မြင်တွေ့နိုင်သည်။ သို့ရာတွင်လောကဓမ္မတာ ကံမကောင်းအကြောင်းမလှစွာ တစ်ဖက်တွင်လည်း အမှီအခိုကင်းမဲ့နေသည့်၊ စွန့်ပစ်ခံရသည့်၊ ပစ်ပယ်ထားခံရသည့် အဘိုးအဘွားတွေပေါ်ပေါက်များပြားလာသည်။

 

သက်ကြီးရွယ်အိုများအတွက်ခွန်အားတစ်ရပ်ပါ
သက်ကြီးရွယ်အိုများအပေါ်ထားရှိသော မြန်မာတို့၏ မေတ္တာ၊ ကရုဏာနှင့် လူမှုဝန်ထမ်း စိတ်ဓာတ်သည် ထာဝစဉ်ရှင်သန်နေလျက်ရှိသည်။ သက်ကြီးရွယ်အို အဘိုးအဘွားများကို ပေးကမ်း၊ လှူဒါန်း၊ စောင့်ရှောက်မှုလုပ်ငန်းများကိုပြု၍ ကုသိုလ်ကောင်းမှုများ ရယူတတ်ကြသည်။ ယခုအခါ သက်ကြီးရွယ်အိုများ ပို၍ပို၍ တိုးပွားများပြားလာနေသည်နှင့်အညီ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း ပို၍ လုပ်ဆောင်ရန် လိုအပ်လျက်ရှိနေသည်ကို သတိပြုဆင်ခြင်လာမိကြသည်။ မြန်မာနိုင်ငံတွင် ဘိုးဘွားရိပ်သာ တည်ထောင်စောင့်ရှောက်ရေးကို ၁၉၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ဘိုးဘွားရိပ်သာပေါင်း ၇၀ ကျော်ရှိနေပြီ၊ အဘိုးအဘွား ၃၀ဝဝခန့်ကို စောင့်ရှောက်ထားရှိနေသည်ဟု သိရှိရသည်။ 


၂၀၁၄ ခုနှစ်က စတင်အကောင်အထည်ဖော်သော ကိုရီးယား-အာဆီယံ စေတနာ့ဝန်ထမ်းအခြေပြု အိမ်တိုင်ရာရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စီမံကိန်းဖြင့် မြန်မာနိုင်ငံတွင် စေတနာ့ဝန်ထမ်း ၂၀ဝဝဝ ခန့်က သက်ကြီးရွယ်အို ၂၀ဝဝဝ ခန့်ကို လူမှုရေးနှင့်အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်းနှင့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေး အဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်သည့်သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များနှင့်သက်ကြီးဦးဆောင်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွင် သက်ကြီးနှင့်မိသားစုဝင် ၅၀ဝဝဝ ခန့်ကို စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရသည်။ နိုင်ငံတော်အနေဖြင့်လည်း အသက် ၈၅ နှစ်အထက်ရှိသော သက်ကြီးရွယ်အိုတစ်ဦးလျှင် တစ်လ ကျပ် ၁၀ဝဝဝ နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးနေသည်။


ဤသို့ဖြင့် နိုင်ငံတော်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းပြီး မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ် ကာ သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက်၊ ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းမှာ သက်ကြီးရွယ်အိုများအတွက် ခွန်အားတစ်ရပ်ဖြစ် ရကြောင်းပါ။-သက်ကြီးရွယ်အိုအားလုံး၏အခွင့်အရေးများကို


- သက်ကြီးရွယ်အိုအားလုံး၏ အခွင့်အရေးများကိုဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ကြဥပဒေနှင့်အညီ ကာကွယ်စောင့် ရှောက်မှုပေးနိုင်ကြ ပါစေ၊ပါစေ၊
-သက်ကြီးရွယ်အိုဆိုင်ရာဥပဒေပါရည်ရွယ်ချက်- သက်ကြီးရွယ်အိုဆိုင်ရာဥပဒေပါ ရည်ရွယ်ချက်များနှင့်ပြဋ္ဌာန်းချက်များကိုထိရောက်အောင်မြင်များနှင့် ပြဋ္ဌာန်းချက်များကို ထိရောက် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေ၊စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေ၊
-သက်ကြီးရွယ်အိုများအားကူညီစောင့်ရှောက်၊
- သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက်၊ ထောက်ပံ့ခြင်းဖြင့်ကုသိုလ်ကောင်းမှုပြုနိုင်ကြထောက်ပံ့ခြင်းဖြင့် ကုသိုလ်ကောင်းမှု ပြုနိုင်ကြပါစေ၊ကောင်းကျိုးအထွေထွေရရှိနိုင်ကြပါစေ။ပါစေ၊ ကောင်းကျိုးအထွေထွေရရှိနိုင်ကြပါစေ။ ကြေးမုံ