ဝန်းသို  ၂၉  မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ် တတိယ နှစ်စက်ဝန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သက္ကယ်ကျင်းကျေးရွာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း  သိရသည်။ 

 

2

 

သက္ကယ်ကျင်းကျေးရွာသည် မိုးရာသီတွင် သွားလာရ အဆင်မပြေကြောင်း၊  ကလေးများ ကျောင်းသွား၊ ကျောင်းပြန်နှင့် သက်ကြီးရွယ်အိုများအတွက်လည်း ဘုန်းကြီးကျောင်းသို့ သီလယူသွားရန် အဆင်မပြေကြောင်း၊ ထို့ကြောင့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံချက်များတွင် ကွန်ကရစ်လမ်းခင်းရန်အတွက် ဦးစားပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးရွှေကန်က ပြောသည်။

 

သက္ကယ်ကျင်းကျေးရွာ  လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ အလျား ၁၁၀၀ ပေ၊ အနံ ၁၀ပေ၊ အမြင့် ၆ လက်မထုအထိ ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းအနည်းငယ်သာ ကျန်ရှိတော့သဖြင့် ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သည်။ 

 

အဆိုပါလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးဆက်ရေးဦးစီးဌာနမှ စီမံကိန်းထောက်ပံ့ငွေ ကျပ်သန်း (၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေ ငွေကျပ် ၁၁ ဒသမ ၇ သိန်းဖြင့် ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။ 

 

မွှေးကြူဇင်