ဂန့်ဂေါ ၄ စက်တင်ဘာ
သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက ဂန့်ဂေါမြို့နယ် ကန်ရွာ အထက၌ ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချမ်းမြအေးက အမှာစကားပြောကြားပြီး ကန်ရွာ ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ် အောင်ကျော်ဝင်းက သက်ငယ် မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးတားဆီးရေး တို့ကို ဟောပြောကာ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။
ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဇော်မင်းနှင့် ပြည်သူ ၁၀၅ ဦး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ၃၀၂ ဦးတို့ တက်ရောက်ကြကြောင်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲများကို ဂန့်ဂေါခရိုင်ရဲတပ်မှူးရုံး၏ အစီအစဉ်ဖြင့် ခရိုင်အတွင်း ရဲစခန်းနယ်မြေအလိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက်


